မုဒုံ ဇူလိုင် ၂၅
မွန်ပြည်နယ် မုဒုံမြို့တွင် ကျောင်းတွင်း အာဟာရလိုအပ်ချက်ကို ရေရှည်ဖြည့်ဆည်းပေးရန်အတွက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အ.ထ.က (၁) ကျောင်း၌ ပြုလုပ် သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝှမ်းတွင် ပညာသင်ယူနေသည့် ကျောင်းသား/သူများ အဟာရချို့တဲ့မှုမရှိစေရန်၊ ငှက်ပျောသီး စားသုံးခြင်းဖြင့် အာဟာရဖြစ်သလို ခန္ဓာကိုယ်ထွားခြင်း၊ စားနပ်ရိက္ခာဖူလုံခြင်းကို မြှင့်တင်နိုင် ခြင်း၊ ကျောင်းသား/သူများ စိုက်ပျိုးရေးအသိပညာကို တိုးတက်စေခြင်းနှင့် ကျောင်းတွင်း စိမ်းလန်းစိုပြေစေရန်အတွက် မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ဖီးကြမ်း နှင့် သီးမွှေးငှက်ပျောပင် အပင် (၁၀၀)ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)