သတင်းများ

ကျုံပျော်တွင် သာကူစေ့ဂိုဒေါင် မီးလောင်မှုဖြစ်ပွား
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ ခဲဘောင်လမ်းရှိ ထွန်းမေတ္တာ သာကူစေ့စက်ရုံ ဂိုဒေါင်တွင် ဇန်နဝါရီလ ၈ ရက် နံနက် ၁၅ နာရီ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်စခန်းသို့ ၁၇ နာရီအချိန်တွင် သတင်းပေးပို့သဖြင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေ သယ်ယာဉ်(၁)စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
Jan 08,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်း၌ မီးဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြန်အောင်ခရိုင်အတွင်း ဆောင်းနေကြာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနေကြာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နေကြာစိုက်ပျိုးရေးပညာရှင်များ (ရုံးချုပ်) မှ ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် နေကြာစိုက်တောင်သူများသို့ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Jan 08,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းတွင် ကျင်းပခဲ့​သည်။
မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရ
Jan 08,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှူးဒုတိယ ဗိုလ်မှူးကြီး သိန်းဇော်မိုး၊ မြို့အုပ်ချုပ်ရေးဦးမျိုးသန့်၊​ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ကွက်အုပ်ချုပ်မှူးတို့ ယနေ့နံနက် ၁၀နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အလျား (၁၄ဝ) ပေ၊ အနံ (၃၀) ပေ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား သွားရောက်​ကြည့်ရှုခဲ့ပြီး လက်ရှိတွင် (၄၀%) ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တမူးမြို့ အ.ထ.က (ခွဲ) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အ.ထ.က(ခွဲ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါကျောင်းရှိ မြဝတီခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
ဖျာပုံမြို့ အမှတ် (၁၆)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။
အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၏ ရွေညီလာခန်းမတွင် ကျင်းပခဲ့သည်။