သတင်းများ

ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးလက် ကျန်းမာရေးဌာနရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့သည်။
သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့သည်။
ကော့မှူးတွင် မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ
Jan 08,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသံမစဲမဟာပဋ္ဌာန်းကျမ်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက တွံတေးခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် မိဂဒါဝုန်ဓမ္မရုံတော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၉၃၄ ဧက စိုက်ပျိုးပြီးစီး
Jan 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူအချို့ ဝင်ငွေတိုးပွားစေရန် ဆောင်းသီးနှံဖူးစားပြောင်း အားထားစိုက်ပျိုးကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဖူးစားပြောင်းသီးနှံ ၂၀၀ ဧက လျာထားစိုက်ပျိုးပြီး၊ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကပြည့်မီ စိုက်ပျိုးနိုင်ရေး နိုဝင်ဘာပထမပတ်က စတင်စိုက်ပျိုးခဲ့ကြပြီး၊ ယနေ့အထိ ဖူးစားပြောင်း သီးနှံ ၉၃၄ ဧက စိုက်ပျိုး ပြီးစီး၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပ
Jan 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့်ပြိုင်ပွဲများကို ယမန်နေ့ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan) ဟောပြောပွဲကျင်းပ
Jan 08,2024
ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပဲခူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jan 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်
Jan 08,2024
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပန်းတိုင်ထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။