ကျုံပျော်တွင် သာကူစေ့ဂိုဒေါင် မီးလောင်မှုဖြစ်ပွား

ကျုံပျော် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ ခဲဘောင်လမ်းရှိ ထွန်းမေတ္တာ သာကူစေ့စက်ရုံ ဂိုဒေါင်တွင် ဇန်နဝါရီလ ၈ ရက် နံနက် ၁၅ နာရီ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်စခန်းသို့ ၁၇ နာရီအချိန်တွင် သတင်းပေးပို့သဖြင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေ သယ်ယာဉ်(၁)စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးငြိမ်းသတ်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်(၁၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးဖြင့် သွားရောက်ကာ မီးသတ်ကားမှ ရေဂါလံ(၂၄၀၀) အသုံးပြု၍ ဝိုင်းဝန်းငြိမ်းသတ်ရာ ၈း၂၅ နာရီအချိန်တွင် မီးထိန်းနိုင်ပြီး ၈း၃၀ နာရီတွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုအကြောင်းအရင်းမှာ တာဝန်ခံဦးမြတ်သူ အသက်(၄၀) ၁၂/သကတ(နိုင်) ၁၇၇၈၃၂ ကိုင်ဆောင်သူမှ စက်ရုံဂိုဒေါင်၏ (၁၄ × ၁၆)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် ဂိုဒေါင်တွင် သာကူစေ့များအား အပူပေးရာမှ အပူလွန်ကဲပြီး သာကူစေ့(၄)အိတ်ခန့်နှင့် စပါးခွံ(၂၀)တင်းခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့‌ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ တန်ဖိုးငွေကျပ် (၁၆၀,၀၀ဝိ/-)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် တာဝန်ခံဦးမြတ်သူ အသက်(၄၀)နှစ်အား ကျုံပျော်မြို့နယ်ရဲစခန်းမှ ပ (၅/၂ဝ၂၄)၊ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည် ။

မြို့နယ်(ပြန်/ဆက်)