မြန်အောင် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနေကြာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် နေကြာစိုက်ပျိုးရေးပညာရှင်များ (ရုံးချုပ်)မှ ခရိုင် အတွင်းရှိ ဝန်ထမ်းများနှင့် နေကြာစိုက်တောင်သူများသို့ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
နည်းပညာပေးဆွေးနွေးပွဲတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်အောင်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် လုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင်က နည်းပညာပေးသင်တန်း ဖွင့်လှစ်ရ ခြင်းအကြောင်း ရှင်းလင်းတင်ပြ၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်မာလာမြင့်က နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးပညာရှင်များက တက်ရောက်လာသော မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ နေကြာစိုက်တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် နေကြာစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာများ ဆွေးနွေးခဲ့ကြပြီး တောင်သူများသိရှိလိုသည်များကို စိုက်ပျိုးရေးပညာရှင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်တောင်သူ များ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်)