သတင်းများ

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း ဟိုမိန်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 08,2024
လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့သည် မြို့အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ ဟိုမိန်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်မြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဥ်ဖြင့် ဒေသတွင်းရဟန်းရှင်လူပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Jan 08,2024
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဥ်ဖြင့် ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ဆေးကုသဆောင်သစ်၌ ဒုတိယနေ့ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နှင့်ဒေသတွင်းရှိ ရဟန်းရှင်လူပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ် ရတနာဒီပ အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 08,2024
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းကျောင်း၊ ရတနာဒီပ၌ ပညာရေးစုံညီပွဲတော်ကို ယမန့်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ပေါင်းတည်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 08,2024
ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အ-ထ-က (၁) ၌ ကျင်းပ
Jan 08,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကြံခင်းမြို့တွင် မဟာဇိနဃရစေတီတော်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် စတီးရွှေထီးတော်တင်လှူ ရေစက်ချအလှူတော်မင်္ဂလာပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မဟာဇိဃရစေတီတော်မြတ် ရွှေသင်္ကန်းဆက်ကပ်လှူခြင်းနှင့် စတီးရွှေထီးတော်တင် လှူရေစက်ချအလှူတော် မင်္ဂလာပွဲကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်အေးဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
မုဒုံမြို့အ.ထ.က (၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရှင်အရဟံခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တတ်ရောက်ခဲ့ကြသည်။