မိုင်းခုတ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှူးဒုတိယ ဗိုလ်မှူးကြီး သိန်းဇော်မိုး၊ မြို့အုပ်ချုပ်ရေးဦးမျိုးသန့်၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ကွက်အုပ်ချုပ်မှူးတို့ ယနေ့နံနက် ၁၀နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အလျား (၁၄ဝ) ပေ၊ အနံ (၃၀) ပေ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လက်ရှိတွင် (၄၀%) ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းတွင် KGမှ Grade-12 အထိ ကျောင်းသား (၁၂၅) ဦး၊ ကျောင်းသူ (၁၂၅) ဦး စုစုပေါင်း (၂၅၀) ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်းသိရသည်။
သီတာအေး(ပြန်/ဆက်)