မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

မိုင်းခုတ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းတွင် ကျင်းပခဲ့​သည်။

ရှေးဦးစွာ မိုင်းခုတ်မြို့ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးက အမှာစကားပြောကြားပြီး  အခြေခံပညာအထက်တန်းကျောင်းမှ ဒေါ်နန်းခမ်းဖောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဆုများချီးမြှင့်မည့်အစီအစဥ်များနှင့် ဖျော်ဖြေရေးအစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများက ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့အလှူငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သီတာအေး(ပြန်/ဆက်)