တမူးမြို့ အ.ထ.က (ခွဲ) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

တမူး ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အ.ထ.က(ခွဲ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါကျောင်းရှိ မြဝတီခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တမူးခရိုင်ပညာရေးမှူး ဦးဟန်ရွှေက ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး၊ စိတ်ဓာတ်၊ စည်းကမ်းကို အခြေခံ၍ ပညာပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ​ပေါ်ထွန်း လာစေရေး၊ မိဘဆရာ ကျောင်းသားပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးသောကျောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး တို့ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကာယ၊ ဉာဏဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူး ဦးဟန်ရွှေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် များ၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးဟန်ရွှေနှင့် ဝန်ထမ်းများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ် များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ