သတင်းများ

ဝါးခယ်မမြို့နယ်တွင် နိုင်ငံတော်ဩဝါဒစရိယဆရာတော် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ
Jan 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ ဂင်္ဂါရာမလမ်းရှိ စက်ရုံဓမ္မရိပ်သာ ကျောင်းတိုက်သို့ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တဝိဿုတ (နိဂြောဓာရုံညောင်ပင်သာ ကျောင်းတိုက်၊ ပုသိမ်မြို့)၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသံဝရာဘိဝံသ (ရွှေရေးဆောင်ကျောင်းတိုက်၊ ငါးသိုင်းချောင်း မြို့)၊ အဖွဲ့ဝင် ဘဒ္ဒန္တနန္ဒိယ (ကွင်းကျောင်း ကျောင်းတိုက်၊ အိမ်မဲမြို့)၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်များ ဖြစ်ကြသည့် ဘဒ္ဒန္တပညာသီဟ (အလယ်တော်ရကျောင်းတိုက်၊ မြောင်းမြမြို့)၊ ဘဒ္ဒန္တအဂ္ဂဝံသ (မိုးညို ကျောင်းတိုက်၊ မော်လမြိုင်ကျွန်းမြို့)၊ ဘဒ္ဒန္တကေသရ (ဘုရားကုန်းကျောင်းတိုက်၊ လပွတ္တာမြို့)၊
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေးတိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် အာထားစိုက်ပျိုးသည့် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 07,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့ သဒ္ဒမ္မပါလကျောင်းဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေပုလ္လ (မဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်မြတ်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲ ကျင်းပ
Jan 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ သဒ္ဒမ္မပါလကျောင်းဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေပုလ္လ (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်မြတ်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲကို ယနေ့နံနက်(၉း၀၀)နာရီက သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် ကွမ်းရွက်(၁)ပိဿာ ငွေကျပ် (၁၆၀၀၀)ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေ
Jan 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိ ကြောင်း သံရွာကျေးရွာမှ ကွမ်စိုက်တောင်သူ ဦးမျိုးထွန်းက ပြောပြ၍ သိရသည်။
တောင်ငူမြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၄)၊ ပင်လုံခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများ ရောက်ရှိလာမှုနှင့် စစ်တွေလေဆိပ်တို့အား သွားရောက်ကြည့်ရှုစစ်ဆေး
Jan 07,2024
စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများအား စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုနှင့် စစ်တွေလေဆိပ်တို့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကြသည်။
သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်နှင့် (Swami Vivekanand Subharti University) တို့မှ ဒေါက်တာဘွဲ့များရရှိခဲ့တော်မူသော ဒေါက်တာ အရှင်ပညောဘသအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ
Jan 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရွှေကူညီမိုးကုတ်ရိပ်သာ၊ ပတ္တမြား ရတုဓမ္မဗိမာန်တော်ကြီးတွင် ယနေ့ နံနက်(၉)နာရီက သီရိလင်္ကာနိုင်ငံ၊ ကေသလနိယ တက္ကသိုလ်မှ M.A(Buddhism) ဘွဲ့နှင့် အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့၊ (Swami Viviekanand Subharrti University)မှ M.phil (Master of Philosophy)ဘွဲ့၊ Ph.D(Doctor of Philosophy) ဒေါက်တာဘွဲ့ ရရှိတော်မူသော ဒေါက်တာ အရှင်ပညောဘသအား ဂုဏဝိသိဌ- ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။