မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jan 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။