ဇမ္ဗူသီရိ ဇန်နဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာ၌ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အောင်ဇမ္ဗူ ရပ်ကွက်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယက ဆရာတော် ကမ္မဋ္ဌာနာစရိယဘဒ္ဒန္တအာစိဏ္ဏထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် မဟာစည်သာသနာ့ရိပ်သာသို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်တို့မှ လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများက မဟာဝိဇိတာရုံစာသင်တိုက်သို့ သွားရောက်၍ ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့ မဟာဝိဇိတာရုံစာသင်တိုက် မဟာနယကဆရာတော် ဂန္ထဝါစကပဏ္ဏိတဘဒ္ဒန္တကေသရိန္ဒထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအား ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)