သတင်းများ

စစ်ကိုင်းမြို့တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်
Jan 08,2024
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပန်းတိုင်ထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 08,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jan 08,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇန်နဝါရီ ၈ ရကံနက် ၁၀ နာရီက ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ဒေသခံပြည်သူအိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့သည်။
စလင်းမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် မြို့ပေါ် (၈)ရပ်ကွက်နေ ပြည်သူများထံသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ် (၈)ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ် လဝက ဦးစီးမှူးရုံး ဝန်ထမ်းများမှ အုပ်စုများခွဲ၍  ဇန်နဝါရီလ(၈)ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ မြို့နယ်မီးသတ်စခန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲသီးနှံအား သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး
Jan 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် မတ်ပဲသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 
အမှတ်စဉ်(၁/၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အင်္ဂပူမြို့တွင် ဖွင့်လှစ် ဖွင့်ပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်စဉ်(၁/၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး
Jan 08,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။