သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)အထက် ဆီးချို၊ သွေးတိုး(မကူးစက်ရောဂါများ)အား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုသပေး
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)အထက် သွေးတိုး၊ ဆီးချိုနှင့်သွေးတိုး (မကူးစက်ရောဂါများ)အား ရပ်ကွက်နှင့်ကျေးရွာ ကျန်းမာရေးဌာနများအလိုက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဇမ္ဗူသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မိုင်းယန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာများထုတ်ပေး
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  ယနေ့နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ
Jun 21,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show ကို ယနေ့နံနက်(၁၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက အခြေခံပညာကျောင်းများ သို့သွားရောက်၍ ကျောင်းသားကျောင်းသူလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ် အ.ထ.က(၁) အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 21,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မား လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၁) အထက်တန်းကျောင်း၌ လူငယ် ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကိုထုတ်ပေး
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။
ရွှေသောင်ယံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အ-ထ-က (ရွှေသောင်ယံ) စာသင်ကျောင်းနှင့် အမှတ်(၁၉၀) အုန်းတော ကြီးကျောင်းတို့၌ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။