သတင်းများ

ကြံခင်းမြို့နယ် (အ.ထ.က)ခွဲ ကရင်စုကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ (အ.ထ.က)ခွဲ ကရင်စုကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးမင်္ဂလာစေတီဘုရားကြီးတွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ ကုန်းတော်ကြီး မင်္ဂလာစေတီ ဘုရားရင်ပြင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကံမမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ
Jan 09,2024
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုး၊ ဈေးပြိုင်၊ တင်ဒါစနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ် အ.လ.က(လက်ပံတော)၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 09,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (လက်ပံတော) တွင် ကျင်းပခဲ့ကြောင်းသိရသည်။
လားရှိုးတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ထန်းပင်မြစ်များ ရောင်းချ
Jan 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ထန်းပင်မြစ်များ ရောင်းချလျက်ရှိကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်
Jan 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပညာရေးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်စု ဘောလုံးပြိုင်ပွဲကို ရှမ်းရွာသစ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဆုရရှိသူများအား ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jan 09,2024
ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာအနီး မင်းရာမမဟာစေတီတော်မြတ်ကြီး ဓမ္မာရုံအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။