သတင်းများ

နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့်ပြပွဲကျင်းပ
Jun 21,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့်ပြပွဲကို ယမန့်နေ့နံနက်ပိုင်း (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက မြို့ဝင်မုခ်ဦး၌ ဖြန့်ဝေပေးသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲပြုလုပ်
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ မှန်တန်းအခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ပညာရေးဌာနနှင့် ပူးပေါင်းပြီး ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ယနေ့နံနက်(၉:၃၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အသိပညာပေး(Talk Show)ပြုလုပ်
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက "လူငယ်နှင့်ကိုယ်ကျင့်တရား"ခေါင်းစဥ်ဖြင့် အသိပညာပေး(Talk Show)ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းလုပ်များဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အများပြည်သူနေအိမ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက် (၉) နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်တွင် အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။