သတင်းများ

ပခုက္ကူမြို့၌ ထန်းပင်မြစ်များ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်
Jan 09,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်မြို့နယ်(အညာဒေသ)တို့မှ ထွက်ရှိသော ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်ဝင်ရောက်လာပြီဖြစ်ရာ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးအတွင်း ထန်းမြစ်ရောင်းဝယ်သူများထံက သိရသည်။ 
အ.ထ.က (၁) ပင်းတယ၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Jan 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ဆူးဗိုလ်ကုန်းရပ်ကွက် အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ပင်းတယ)၊ မြတ်ရတနာခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးတွင် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာ အုပ်စု၊ သင်တောင်းကျေးရွာတွင် တည်ရှိသောဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီး၏ မဟာရွှေသိမ်တော်မြတ်စွာဘုရားဓမ္မာရုံကြီးတွင် ယနေ့နံနက် ၉ နာရီအချိန်က ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး သံဃဝန်ဆောင် ရဲစုရပ် ပညာလင်္ကာရစာသင်တိုက်ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီကျောင်းတိုက် ဘဒ္ဒန္တပညာသာမိ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်ကြီးများ စုစုပေါင်း ပင့်သံဃာ(၂၇)ပါး ကြွရောက်တော်မူခဲ့ကြောင်း  သိရသည်။
ငွေဆောင်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဟိုတယ်ဆိုင်ရာ ရှရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရှရှား ဘာသာစကား (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက်ပိုင်းက ယမုံနာဦး ဟိုတယ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ငွေဆောင်မြို့မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် Mobile Library စနစ်ဖြင့်ဌာနဆိုင်ရာ စာဖတ်ပရိသတ်များ လက်ဝယ်အ‌ရောက် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေး
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ရပ်ကွက်နေပြည်သူများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ သယ်ဆောင်၍လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ မွေးစအရွယ်မှ ၁ နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဆေးထိုးစုရပ်၌ မွေးစအရွယ် အသက် ၂ လ မှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယမန်နေ့ ၇ နာရီမှစ၍ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ဥပ္ပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ဥပ္ပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က သီရိမင်္ဂလာ သရက်တောကျောင်းတိုက်ရှိ နာယကာဝါသ ကျောင်းဆောင်၌ ကျင်းပခဲ့သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား
Jan 09,2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၈) ရက် ညနေ ၃ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။