မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသသင်နှစ် ခရိုင်/မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက "ကြိုဆိုပါသည်စုံညီပွဲတော်" သီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒေါ်သိန်းမေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရိုင်/မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အစရှိသည့် ပညာရေးကဏ္ဍအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့်​ ကျောင်းသား/ကျောင်းသူများအားလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။                          

ကျော်စွာ(မြင်းခြံ)