လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ မိဘ၊ ကျောင်းသား စုံညီပွဲတော်ကျင်းပ
Jan 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်းနှစ် ဆရာ၊ မိဘ၊ ကျောင်းသားစုံညီပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စွမ်းအားခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြသည်။