သတင်းများ

သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ
Jan 09,2024
ကရင်ပြည်နယ်၊  ဘားအာခရိုင်၊   သံတောင်ကြီးမြို့နယ် တွင်ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုဇန်နဝါရီလတွင် ဂေါ်ရခါးသီးများဝယ်လိုအားကောင်းပြီး ဈေကောင်းရရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 09,2024
ကလေးငယ်များအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ ရင့်မှည့်ချိန် ဈေးကောင်းရရှိ
Jan 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ နှစ်ရှည်သီးနှံပင်များကို အဓိကထားစိုက်ပျိုးကြရာ ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ (ဒေသအခေါ် ကော်ဖီအသေးများ)ကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ကော်ဖီသီးများရင့်မှည့်ချိန် ဈေးကောင်းရရှိနေ၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက် ကိုးနဝင်းစေတီသန္တိသုခဓမ္မာရုံ၌ ဥပ္ပါတသန္တိဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် ကိုးနဝင်းစေတီသန္တိသုခဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်၌ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားနှင့် ထူးချွန်ဆုများပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က စတင်၍ အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာပေဟောပြောပွဲကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို စာပေဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ( Kaeru Caravan) အစီအစဉ်  အခမ်းအနားကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မီးသတ်ဦးစီးဌာန၏ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan)အစီအစဉ် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.ထ.က(၂) ရတနာခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၈ ရက်နံနက် ၈ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းသည်။