သတင်းများ

နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ KG ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 09,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်းခင်းခြင်းနှင့် ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်း‌ဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီခင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ညောင်ရွှေမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့လည်(၂)နာရီက ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် စားအုန်းဆီပိဿာ (၂၂၀၀)အား ဒေသခံပြည်သူများကို (၁)ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်
Jan 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့နေ့လယ် ၂ နာရီခွဲက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။