သတင်းများ

ကြံခင်းမြို့နယ် အ-လ-က(ခွဲ)ပေါက်တိုင်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jan 10,2024
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်ပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့်လူငယ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုအ-လ-က(ခွဲ)ပေါက်တိုင်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jan 10,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က တံတားဦးမြို့  အမှတ်(၁)ရပ်ကွက် မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ပေါင်မြို့နယ်(အ.မ.က)မူလွန်ကဒါကမ်းနားကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့်  ပညာရေးစုံညီပွဲတော် ပြုလုပ်
Jan 10,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.မ.က)မူလွန်ကဒါကမ်းနားကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့နယ် အ-ထ-က(အနောက်ရပ်)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်းတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ/ သားများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း (အနောက်ရပ်) စံပယ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ အလံတိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ပြည်လုံးကျွတ် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး လက်ကမ်းစာစောင်များ ပြည်သူများအားဖြန့်ဝေ
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၂၀၂၄) လက်ကမ်းစာစောင် (၂၀၀)စောင်ကို မိဘပြည်သူများသိရှိနိုင်ရန်အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ဓနုဖြူမြို့တွင် အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ကျောပိုးအိတ်အဖွဲ့)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကျင်းပ
Jan 10,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းတန်းစီကွင်းတွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ကျောပိုးအိတ်အဖွဲ့)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကို ယမန်နေ့ ည(၇) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။