လိပ်သို ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ နှစ်ရှည်သီးနှံပင်များကို အဓိကထားစိုက်ပျိုးကြရာ ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ (ဒေသအခေါ် ကော်ဖီအသေးများ)ကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ကော်ဖီသီးများရင့်မှည့်ချိန် ဈေးကောင်းရရှိနေ၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီပင်များအား သဘာ၀မြေဩဇာများကိုသာ အသုံးပြုကာ စိုက်ပျိုးထားကြကြောင်း၊ ကော်ဖီသီးများကို အပင် (၅)နှစ်သား အရွယ်ခန့်တွင် စတင်ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ တစ်ပင်လျှင် အနှစ် (၂၀) မျှကြာအောင် အသီးသီးကြောင်း၊ ကော်ဖီသီးများကို အစိုအလိုက်သော်လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြကြောင်း ကော်ဖီစိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။
ဒေသထွက် ကော်ဖီသီးများကို ယခုလ ဒုတိယအပတ်တွင် လေးထောင့်ပုံး အကြီး/အသေးပေါ် မူတည်၍ ကော်ဖီအစိုသီးတစ်ပုံးလျှင် ကျပ် (၁၁၀၀ဝိ/-) မှ (၁၅၀၀ဝိ/-) အထိ၊ ကော်ဖီသီးအခြောက် အခွံပါတစ်ပုံးလျှင် ကျပ် (၁၈၀၀ဝိ/-) မှ (၂၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)