မဟာအောင်မြေ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် ကိုးနဝင်းစေတီသန္တိသုခဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုပြီး မြတောင်ခေမာဝင်းကျောင်း ဦးလောကနန္ဒ အရှင်သူမြတ်မှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်၍ မဟာအောင်မြေမြို့နယ် သံဃနာယကဥက္ကဋ္ဌ မြတောင်တိုက် ခေမာဝင်းကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မထံမှ ကြွရောက်လာသော ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့က ငါးပါးသီလခံယူဆောက်တည်ပြီးနောက် မြတောင်ခေမာဝင်းကျောင်း ဦးပရမ အရှင်သူမြတ်မှ ဥပ္ပါတသန္တိဒေသနာတရားတော်ကိုနာယူရန် နတ်ဗြဟ္မာများပင့်ဖိတ်ပြီး တာဝန်ကျဆရာတော်များမှ ဥပ္ပါတသန္တိဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။
အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်တာဝန်ရှိသူများ၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်တရားတော်နားကြား၍ ဥပ္ပါတသန္တိဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကို (၉-၁-၂၀၂၄) ရက်နေ့မှ (၁၈-၁-၂၀၂၄)ရက်နေ့အထိ သံဃာတော်အပါး(၂၇)ပါးမှ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း