မိတ္ထီလာ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို စာပေဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာပေဟောပြောပွဲတွင် ဦးစွာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က စာပေဟောပြောပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာပေဟောပြောပွဲကို ကျင်းပရာ စာရေးဆရာမ မေကျော့ရှင်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် စာပေရေးရာများ ဟောပြောသည်။ ထိုနောက် စာပေရေးရာများ ဟောပြောပေးခဲ့သော စာရေးဆရာမ မေကျော့ရှင်းထံသို့ အမှတ်တရဂုဏ်ပြုလက်ဆောင်ကို အဆိုပါကျောင်းမှ ကျောင်းအုပ်ဦးစိန်လှိုင်ကျော်က ပေးအပ်ချီးမြှင့်သည်။ အဆိုပါ စာပေဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့်တာဝန်ရှိသူများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ)မှ ဆရာဆရာမမျာနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ