သတင်းများ

မြန်အောင်မြို့နယ် အ.ထ.က ကနောင်၌ လူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ
Jan 09,2024
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်း ဆွေးနွေးပွဲများမှ အသိပညာဗဟုသုတများနှင့် အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်း
အုတ်တွင်းမြို့ မြိုမဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ မြို့မဈေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များ ကွင်းဆင်းစစ်ဆေးခြင်းနှင့်မြို့မဈေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းက ဈေးသူ၊ ဈေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အင်းပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ ဇေယျဝတီစာသင်တိုက်ကြီးဝင်းအတွင်းရှိ သီရိမင်္ဂလာဓမ္မရုံအတွင်း၌ ကျင်းပပြုလုပ်သော အသံမစဲဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ အ.မ.ကမင်းတဲကျွန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မင်းတဲကျွန်း အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပေါင်လင်း)၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့ အ.မ.က (အောင်ဆန်း) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (အောင်ဆန်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။