မြန်အောင်မြို့နယ် အ.ထ.က ကနောင်၌ လူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ

မြန်အောင်  ဇန်နဝါရီ  ၉

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်း ဆွေးနွေးပွဲများမှ အသိပညာဗဟုသုတများနှင့် အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်း ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က ကနောင် ဧရာနောင်ခန်းမ၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။

  အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ အ.ထ.က ကနောင် အထက်တန်းပြဆရာမ ဒေါ်နိုင်နိုင်အေးတို့ ဦးဆောင်၍ Grade(10) မှ မောင်မင်းထည်ဦးက လူငယ်နှင့်မူးယစ်ဆေး၊ Grade(11)မှ မခိုင်ဇင်ဖြိုးက လူငယ်နှင့်စာရိတ္တ၊ Grade(10) မှမောင်မြတ်ဟိန်းခန့်မှ လူငယ်နှင့်နည်းပညာ၊ Grade (11)မှ မခြူးအိမ့်စံက လူငယ်နှင့်စာပေ ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုဆက် လက်ကျင်းပပြုလုပ်ရာ မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက လူငယ်နှင့်ပညာအကြောင်းအသိပညာပေးဟောပြောပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်က အန္တရာယ်ကင်းသောအစားအစာများ ရွေးချယ်စားသုံး တတ်စေရန် အသိပညာပေး ဟောပြောခဲ့ကြသည်။

အခမ်းအနားတွင် အ.ထ.က ကနောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်အေးကြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က ကနောင်၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ် စာစောင်ဓါတ်ပုံ ပြခန်းပြသထားရှိရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

အ.ထ.က ကနောင် ဧရာနောင်ခန်းမ၌ကျင်းပသော  လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင် (၂) ဦးမြင်နိုင်၊ကနောင်မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးအေးချမ်းစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ၊ အ.ထ.က ကနောင် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၄၀၀ ဦးကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)မြန်အောင်