ညောင်ဦး ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ ဇေယျဝတီစာသင်တိုက်ကြီးဝင်းအတွင်းရှိ သီရိမင်္ဂလာဓမ္မရုံအတွင်း၌ ကျင်းပပြုလုပ်သော အသံမစဲဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ညောင်ဦးမြို့ မြစ်ကြည့်တိုက်၊ သာသနရက္ခိတသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရက စိန်ရောင်ခြည်ဘုရားပင့်ဖြင့် မြတ်စွာဘုရားအားပင့်လျှောက်ပြီး၊ ဆက်လက်၍ဆရာတော်အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ပြီးနောက် ညောင်ဦးမြို့၊ မြစ်ကြည့်တိုက်၊ မင်္ဂလာအေးကျောင်း ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမှ အသံမစဲဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ်တရားနာကြားရန်အတွက် နတ်၊ ဗြဟ္မာများအား ဖိတ်ကြား၍ ဆရာတော်အရှင်သူမြတ်များမှ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ အသံမစဲဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ်အားရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း