သတင်းများ

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဖြူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာရေးစုံညီပွဲတော်များကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများ ပညာရေးစုံညီပွဲတော်များ ကျင်းပလျက်ရှိရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ယနေ့နံနက် (၉) နာရီအချိန်က ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လုပ်ငန်းများ ဆောင်ရွက်
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း(၉) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဇီးကုန်း) ၌ ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်
Jan 09,2024
ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း သဲဖြူကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အုတ်တွင်းမြို့နယ်၌ကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အုတ်တွင်းအခြေခံပညာအထက်တန်းကျောင်း ပညာသီရိခန်းမ၌ ကျင်းပသည်။
ဖျာပုံမြို့၌ အမျိုးသမီးများ သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး အစီအစဥ်များတွင်ပါဝင်နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှဦးဆောင်၍ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာများနှင့် အများပြည်သူ ကိုအသိပညာပေးခြင်းဖြင့် အမျိုးသမီးများတတ်နိုင်သည့် ကဏ္ဍစုံတွင် ပါဝင်လာနိုင်စေရေးပံ့ပိုးပေးရန် ရည်ရွယ်၍အမျိုးသမီးများနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးအစီအစဥ်များတွင် ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား (၇၈၀၀) ကောင်အား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးပြီး
Jan 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ​မြို့နယ်တွင် ကျွဲ၊ နွားများခွာနာလျှာနာ ရောဂါကင်းရှင်းရေးအတွက် ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများအား (၆) လတစ်ကြိမ် အခမဲ့ ထိုးနှံပေးလျက်ရှိရာ ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျွဲ၊ နွားများအား ကာကွယ်​ဆေးသွားရောက်၍ ထိုးနှံ​ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ် အ-မ-က(မူလွန်)မဒေါက်ကလေးကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ၊ အ-မ-က(မူလွန်)မဒေါက်ကလေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။