သတင်းများ

ဟင်္သာတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြာပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပပြုလုပ်
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းတို့ ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ခရိုင်ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာထုတ်ပေး
Jun 21,2023
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အဆင်ပြေချောမွေ့လွယ်ကူစွာဖြင့် ပင်စင်လစာများ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Jun 21,2023
ရန်ကုန်တိုင်းသေကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါ မြန်မာ့စီးပွားရေးဘဏ်မှ သတင်းရရှိသည်။
ဖြူးမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများပင်စင်လစာများကို လာရောက်ထုတ်ယူနေ
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့မှစတင်ကာထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားပင်စင်စားကြီးများ ပင်စင်လစာလာရောက်ထုတ်ယူနေကြကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူး တံတားသစ်နှင့် ဒေသ၏ ပထမဆုံးသော ဆန်(၁၈)တန်ကျ “ဆန်း” ဆန်စက်ဖွင့်လှစ်
Jun 21,2023
ပူတာအိုခရိုင်အတွင်း ကျေးလက်နေပြည်သူများဘဝ တိုးတက်မြှင့်မားစေရေး၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာ စေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၈)ရွာ၊ လူဦးရေ (၁၀၉၄၀) ဦးတို့အား အကျိုး ဖြစ်ထွန်းစေသည့် ပူတာအို-လယ်မယ်ဝါဂျီ- နန်ရှယ်ကော့-မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင် ပတ်လမ်း) (၂၅)မိုင်ပေါ်ရှိ အရှည် (၂၄၀)ပေ အကျယ် ၂၄ ပေရှိ နမ့်ပလပ် ချောင်းကူး သံကူကွန်ကရစ် တံတားသစ်ကို ဇွန် ၁၉ ရက် နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့သည်။
ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
Jun 21,2023
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်‌ကွက်ကျေးရွာများနှင့် မူကြိုကျောင်းများအခြေခံပညာမူလတန်းကျောင်းများ၌ ဆောင်ရွက်နေကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ(TAlk Show )ကျင်းပ
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌   လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။