သတင်းများ

မြဝတီမြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် ဌာနပေါင်းစုံ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 21,2023
ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဌာနပေါင်းစုံ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့  ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ် ၆၀၁ ဒသမ ၅၀ သိန်းအား ထုတ်ချေးပေး
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား အသိပညာပေးဟောပြော
Jun 21,2023
နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း တက်ရောက်လျက်ရှိကြသော သင်တန်းသူ အမျိုးသမီးငယ်များအား ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲ များပြုလုပ်ပြီး  ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဟောပြောခဲ့ကြသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ပြုလုပ်
Jun 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြန်လည်တူးဖော်နေမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
Jun 21,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည် ပြုပြင်နေမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်ရေငန်ပုစွန်သားဖောက်စခန်း ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြန်လည် ပြုပြင်နေမှုအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။
တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီတွင် အဖြစ်များလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်နှင့် ခြင်အန္တရာယ်ကင်းဝေးစေရန် ယနေ့နံနက် ၇ နာရီက ဆန်ဆိုင်း (ခ)ရပ်ကွက် ဂေါက်ကွင်းလမ်း၊ လမ်းဘေးဝဲယာ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့ ၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းနှင့် ပြည်သူ့ဆေးရုံတို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပကြောင်း သိရသည်။