မြောင်းမြမြို့ အ.မ.က (အောင်ဆန်း) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (အောင်ဆန်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့  နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် “တန်ဖိုး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမကြီး‌ ဒေါ်မာမာကြူမှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲ တွင်  ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)