ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စုမှ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jan 09,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စု ကံရွာနှင့် ငရံ့ချောင်းကျေးရွာများသို့ သွားရောက်၍ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။