မြို့သစ်တွင် နွေနှမ်းသုတေသနပြုစမ်းသပ်ကွက်တောင်သူ ပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မဲခေါင်-လန်ချန်းအထူးစီမံကိန်း နွေနှမ်းသုတေသနပြုစမ်းသပ်ကွက်၊ တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာ၊ နေပြည်တော်-မြို့သစ်-ကံပြား၊ မကွေးကားလမ်းဘေး မိုင်တိုင်အမှတ်(၄၅/၅)တွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့သည်။