ကျောက်တန်းမြို့နယ် ဇင်ပြွန်းကုန်းကျေးရွာနှင့် ဆေးဘို၀ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးမှုနှင့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြည့်ရှု

ကျောက်တန်း ဇန်န၀ါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပါဒါကြီးကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာနှင့် ဆေးဘို၀ကျေးရွာတို့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းစက်၀န်း ၁၁ ကြိမ်မြောက် လည်ပတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး ၂၆ ဦး မွေးမြူရေး ၄၈ ဦး ရေလုပ်ငန်း ၂ ဦး အရောင်းအ၀ယ် ၈၃ ဦး အသေးစားစက်မှုလက်မှုလုပ်ငန်း ၄ ဦး အသက်မွေး၀မ်းကျောင်း ၃၈ ဦး စုစုပေါင်း ၂၀၁ ဦးတို့အားငွေကျပ် ၄၅,၁၅၀,၀၀၀ိ/-အား ချေးငွေကာလ ၁၂ လ အတိုးနှုန်း ၁ ကျပ်နှုန်းဖြင့်ထုတ်ချေးပေးနေမှုကို ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်၀တ်ရည်ရှိန်နှင်း၀န်ထမ်းများမှ ၈.၁.၂၀၂၄ ရက်နေ့တွင် သွားရောက်ထုတ်ချေးပြီး မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး အရောင်းအ၀ယ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာ ၄၂ ရွာ ၄၀ ယူနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းအသေးစားစက်မှုလက်မှုလုပ်ငန်း အသက်မွေး၀မ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေသော စုစုပေါင်းဦးရေ ၇၄၀၅ ဦးအား နိုင်ငံတော်မှစုစုပေါင်းထောက်ပံ့ငွေကျပ် ၁၂၀၀.၀ သန်းနှင့် ယနေ့အချိန်အထိ အတိုးရငွေကျပ် ၁၄၀၃.၉၄၂၇၃၄ သန်းလည်ပတ်ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်စီမံကိန်းမှ အတိုးနှုန်းသက်သာစွာဖြင့် တစ်ပိုင်တစ်နိုင်၀င်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်ပါသဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်ဆက်)