ကလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကလော ဇန်နဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အင်းပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ဦးစီးအရာရှီ ဒေါ်စန်းစန်းယဉ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကလောခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူမွန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကလောမြို့နယ် အင်းခေါင်းကျေးရွာတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အလယ်တန်းအဆင့်(G-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူခွင့်ရရှိနိုင်ကြောင်း၊ သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများအား ရိုးရိုးအောင်၊ အဆင့်မီအောင်နှင့် အထူးအောင်သူများ အဆင့်ခွဲခြားပြီး သင်တန်းဆက်လက်တက်ခွင့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)