အုတ်တွင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အုတ်တွင်းအခြေခံပညာအထက်တန်းကျောင်း ပညာသီရိခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဈေးရပ်ကွက်အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်က မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အုတ်တွင်းအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေကြပြီး ကာယဉာဏထူးချွန်ဆုရ ကျောင်းသားကျောင်းသူ (၁၅၅) ဦးအား ဆုများချီးမြှင့်ပေးသည်။
ထို့နောက် အုတ်တွင်းအခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်”တေးသီချင်း သီဆိုဖျော်ဖြေကြပြီး “ဇာတိမာန်”တေးသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင် (၂) ဦးတင်ယု၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)