ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား (၇၈၀၀) ကောင်အား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးပြီး

ဥတ္တရသီရိ ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ​မြို့နယ်တွင် ကျွဲ၊ နွားများခွာနာလျှာနာ ရောဂါကင်းရှင်းရေးအတွက် ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများအား (၆) လတစ်ကြိမ် အခမဲ့ထိုးနှံပေးလျက်ရှိရာ ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျွဲ၊ နွားများအား ကာကွယ်​ဆေးသွားရောက်၍ ထိုးနှံ​ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ​တင်ထွန်းနှင့် ဝန်ထမ်းများက ဇန်နဝါရီလ (၂) ရက်နေ့မှ (၁၁) ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားကောင်ရေ (၉၀၀၀) အား ကာကွယ်ဆေးထိုးနှံပေးရန်လျာထား​၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ရပ်ကွက် (၂) ရက်နှင့် ကျေးရွာ (၃၈) ရွာမှ ကျွဲ၊ နွား (၇၈၀၀) ကောင်အား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်ကာ စာရင်းပေးသွင်းထိုးနှံနိုင်ကြောင်း ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)