ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူး ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က မိမိတို့တိုင်းဒသကြီးအတွင်းရှိ အခြခံပညာကျောင်းများမှာ ပညာသင်ကြားနေတဲ့ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နဲ့ ပြည့်စုံစေဖို့အတွက် လိုက်နာကျင့်သုံးရမည့်နည်းလမ်းတွေကို သိရှိစေရန်အတွက် ဟောပြောပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများသာမက ဗဟုသုတရရှိစေမည့်စာတွေကိုရွေးချယ်ဖတ်ခြင်း၊ ကိုယ်ကာယကျန်းမာစေဖို့အတွက် အားကစားများပြုလုပ်ခြင်း၊ အစားအစာတွေစားတဲ့အခါမှာလည်း သန့်ရှင်းလတ်ဆတ်တဲ့ မြန်မာ့ရိုးရာမုန့်များနှင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်ခြင်း၊ လူမိုက်တွေနဲ့မပေါင်းဘဲ အကြံကောင်းဥာဏ်ကောင်းပေးနိုင်တဲ့ လူလိမ္မာသူတော်ကောင်းများနဲ့ ပေါင်းသင်းခြင်း စတာတွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ဗလငါးတန်နှင့်ပြည့်စုံတဲ့ အတွေးအခေါ် မြင့်မားတဲ့ ခေါင်းဆောင်ကောင်းများဖြစ်လာမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်စိုးသိန်းက "တိုင်းရင်းသား လူငယ်များနှင့်ဗလငါးတန်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဆရာကြီး ဦးခင်အောင်ရီက "ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက "ကလေးများရဲ့ဖွံ့ဖြိုးမှု" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးဝင်းကျော်က "လူငယ်ဘဝ" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသန်းနိုင်က "အစားအသောက် ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု" ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ အသိပညာဟောပြောပို့ချပေးသူများအား အမှတ်တရလက်ဆောင်များပေးအပ်ကာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များနှင့် အလှူငွေကျပ် () သိန်းတို့အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)