ဖျာပုံ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှဦးဆောင်၍ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာများနှင့် အများပြည်သူ ကိုအသိပညာပေးခြင်းဖြင့် အမျိုးသမီးများတတ်နိုင်သည့် ကဏ္ဍစုံတွင် ပါဝင်လာနိုင်စေရေးပံ့ပိုးပေးရန် ရည်ရွယ်၍အမျိုးသမီးများနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးအစီအစဥ်များတွင် ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အဆိုပါအမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး အစီအစဥ်များတွင်ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင်ဖျာ ပုံခရိုင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဥမ္မာလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းကိုဆက်လက် ပို့ချ ဆွေးနွေးကြရာ၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က"သစ်ပင်၊ သစ်တောအကြောင်း သိကောင်းစရာများ "ဖြစ်သော သစ်ပင်အမျိုးအစား၊ သစ်ပင်အသုံးဝင်ပုံ၊ သစ်တောများအသုံးဝင်ပုံ၊ သစ်ပင်သစ်တောများ လျော့နည်းလာရသည့် အကြောင်းရင်းများ၊ သစ်ပင်သစ်တောများ ရှိခြင်း၏အကျိုးကျေးဇူးများနှင့် သစ်ပင်၊ သစ်တောများ လျော့နည်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများအား Projector ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်း ပြည့်က"အမျိုးသမီးနှင့်ပတ်ဝန်းကျင် ရေရှည်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာမွန်က "အမျိုးသမီးနှင့် ပတ်ဝန်းကျင်"စသည့် ခေါင်းစဥ်များဖြင့်အသီးသီး ဆွေးနွေးကြရာသင်တန်းသို့ တက်ရောက် လာကြသော သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များအားအသီးသီး ပြန်လည်ဆွေးနွေးကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)