ရွှေကျင် ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ၊ အ-မ-က(မူလွန်)မဒေါက်ကလေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ-မ-က(မူလွန်)မဒေါက်ကလေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း"သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ကိုယ်စားဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပေးကာ အ-မ-က(မူလွန်)မဒေါက်ကလေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ပြည့်ဖြိုးက ပညာရေးဆိုင်ရာအချက်အလက်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ဖိတ်ကြားထားသောဧည့်သည်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)