တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်အခမ်းအနားကျင်းပ

တောင်ငူ ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖောဇာအေးမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖောဇာအေးမှ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အလံတိုင်ပြန်လည်မွမ်းမံခြင်းနှင့် စက်ဘီး Stand တည်ဆောက်ခြင်းလုပ်ငန်းအတွက် ပါဝင်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးဆောင်များနှင့် ဆရာ၊ ဆရာမများက  ကျောင်းတက်ခွင့်ရက်မပျက်ဆု ရရှိသောဆရာ၊ ဆရာမများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသူတစ်ဦး၏ ရိုးရာခြင်းလုံးအလှခတ်ဖျော်ဖြေခြင်း၊ မြတ်ဆရာသီချင်း၊ ငြိမ်းချမ်းရေးပန်းခင်းသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)