နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ(တင်ဒါ၊ ဈေးပြိုင်)လေလံရောင်းချခြင်းအခမ်းအနား ကျင်းပ

နတ်မောက် ဇန်နဝါရီ   ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (တင်ဒါ၊ ဈေးပြိုင်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံ/တင်ဒါရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံ/တင်ဒါစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လေလံဆွဲဝယ်သူများမှ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးပြီး အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံ/တင်ဒါရောင်းချမည့် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွက် သားသတ်လိုင်စင်များဖြစ်သည့် အမဲခုံလုပ်ငန်းလိုင်စင်၊ ဆိတ်ခုံလုပ်ငန်းလိုင်စင်နှင့် ဝက်ခုံလုပ်ငန်းလိုင်စင် (၂၀)ခုဖြစ်ပြီး အဖွဲ့မှ သတ်မှတ်ပေးထားသော လျှောက်လွှာနှင့်အတူတင်ပြ၍ ကိုယ်တိုင်ဆွဲဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ဈေးပြိုင်စနစ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း