လားရှိုးမြို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသထွက် မြေစာဥများ ရောင်းအားကောင်း

လားရှိုး ဇန်နဝါရီ ၁၀

လားရှိုးမြို့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူ၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့များတွင် စိုက်ပျိုးဖြစ်ထွန်းသည့် မြေစာဥများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ် မြေစာဥတစ်ပိဿာရောင်းဈေးမှာ ခြောက်ထောင်ကျပ်ဖြစ်ပြီး ယခင်နှစ်ထက် ဈေးပိုကြောင်း သိရသည်။

“မြေစာဥကို ဒီဒေသအခေါ် ဝက်မြေဥလို့လည်း ခေါ်ကြတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွေမှာတော့ နမ္မတူ၊ မိုင်းလုံ၊ ကွတ်ခိုင် အဲ့ဒီမြို့တွေဘက်မှာတော့ ပိုပြီးဖြစ်ထွန်းအောင်မြင်တာပေါ့” ဟု မြေစာဥရောင်းချသူတစ်ဦးက ဆိုသည်။

မြေစာဥကို ပြုပ်၍စားသုံးလေ့ရှိကြသလို ဆောင်းတွင်းကာလတွင် အများဆုံးစားသုံးလေ့ရှိကြသည့် ဟော့ပေါ့နှင့် အကင်များတွင်လည်း ရောနှော၍ စားသုံးကြသည်။

စိုင်းထွန်း (လားရှိုး)