ဇမ္ဗူသီရိ ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၌ အသက် ၅၀ နှစ်အထက်နှင့် အသက် ၅၀ အောက် နာတာရှည်ရောဂါရှိသော နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အသက် ၅၀ နှစ်အထက်နှင့် အသက် ၅၀ အောက် နာတာရှည်ရောဂါရှိသော နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)