မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုတ်ပြင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း  ဇန်နဝါရီ    

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ယမန်‌‌နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည့် ဘုတ်ပြင်းမြို့တော်ခန်းမ( ၁၅၉×၅၂×၁၈)ပေ တည်ဆောက်ရေးလုပ်ငန်း၊ အုန်းတောကမ်းကျေးရွာ အုပ်စုအတွင်း ဆောင်ရွက်လျက်ရှိသည့် ရေငံတားတာ(လယ်သမားတာ) အောက်ခြေ ၂၈ ပေ၊ အမြင့်   ၈ ပေ၊ ထိပ်ဝ  ၁၂  ပေ ရှိ စုစုပေါင်းတာအရှည် (၁၂၀၀၀)ပေ တည်ဆောက်နေမှုကိုလည်းကောင်း၊  အောင်မင်္ဂလာရပ်ကွက် ခရိုင်စုပေါင်းရုံးဆောင်ရွက်မည့် မြေဧရိယာအတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်းမြေဖို့ခြင်းနှင့်  Box Culvert တည်ဆောက်ရေး လုပ်ငန်းများကိုလည်းကောင်း၊ အတွင်းဘုတ်ပြင်း ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်နေ့သည့် မြစ်ဆိုးကုန်းချောင်းတွင်ရေတံခါး (၅×၁၀)ပေ-၅ ပေါက် (၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မှီပြီးစီး နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

မြို့နယ်ပြန်/ဆက်