မဲခေါင်-လန်ချန်း စီမံကိန်းအကောင်အထည်ဖော်မှု ကွင်းဆင်းစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၀

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ် ရွာသစ်ကျေးရွာသို့ သွားရောက်၍ ကျေးရွာခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က စီမံကိန်းအကောင်အထည်ဖော်ဆောင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာကော်မတီတာဝန်ရှိသူများက ကျေးလက်သက်မွေးစီးပွားမြှင့်မားရေးရန်ပုံငွေကျပ် (.)သန်းဖြင့်ဆောင်ရွက်နေသည့် ကျွဲမွေးမြူရေး()ဖွဲ့၊ ဝက်မွေးမြူရေး()ဖွဲ့၊ ဘဲမွေးမြူရေး()ဖွဲ့၊ ဥယျာဥ်ခြံစိုက်ပျိုးရေး()ဖွဲ့တို့မှ အဖွဲ့ခေါင်းဆောင်များမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ကျေးရွာတွင်းဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ Green House စနစ်ဖြင့် ဆောင်ရွက်သည့် သီးနှံစိုက်ခင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)