ဟုမ္မလင်း ဇန်နဝါရီ ၁၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီက နောင်ပကျစ်တောင်ပေါ် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးအောင် က အဖွင့်အမှာကားပြောကြားခဲ့ပြီး ကျောင်းကော်မတီဥက္ကဋ္ဌက ကျောင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာမကြီးက ပညာရေးကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းတွင်း ကာယ၊ ဥာဏနှင့် ထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)