ပိုင်ကျုံမြို့၌ မိသားစုဆီဖုံလုံရေးအတွက် တပိုင်တနိုင်‌ဆီထွက်သီးနှံများစိုက်ပျိုး

ပိုင်ကျုံ   ဇန်နဝါရီ  ၁၀

 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ ဒေသနေပြည်သူများအနေဖြင့်   မိသားစုစားသုံးဆီဖုံလုံစေရေးနှင့် အပိုဝင်ငွေရရှိရေးအတွက် ဆီထွက်သီးနှံဖြစ်သည့်  မြေပဲနှင့်နှမ်းများ အဓိကထား စိုက်ပျိုးလျက်ရှိသည်။ 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူ ဦးကြီးများအနေဖြင့် မိမိတောင်ယာတွင် ဆူးထိုးစိုက်ပျိုးသည့်စပါးများအပြင် မိသားစုဆီဖုံလုံရေးအတွက် မိုးနှမ်းများကိုလည်း သီးညှပ် အဖြစ်စိုက်ပျိုးခဲ့ကြကြောင်း၊ မိုးအကုန်ဆောင်းအကူးတွင်  မိမိပိုင်လယ်မြေများနှင့် ကိုင်းမြေများတွင် စားသုံးဆီ ဖူလုံရေးနှင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စိုက်ပျိုးစရိတ်သက်သာသည့် မြေပဲနှင့်နှမ်းများ စိုက်ပျိုးထားလျက်ရှိကြောင်း၊ စိုက်ပျိုး ထားသည့် မြေပဲနှင့်နှမ်းများ ယခုနှစ်တွင် ပိုမိုဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။  

ပိုင်ကျုံမြို့ရှိ ဒေသခံတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်‌ပြေစေရေးအတွက် မိမိစိုက်ခင်းများတွင် ရာသီပေါ်ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီဖူလုံ‌ရေးအတွက် ဆီထွက်သီးနှံဖြစ်သည့်မြေပဲနှင့်နှမ်းများကိုလည်း တပိုင်တနိုင်စိုက်ပျိုးထားလျက်ရှိ‌ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)