ဒေးဒရဲမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး စစ်ဆေး

ဒေးဒရဲ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကျောင်းအခြေပြု မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းအခြေပြု၊ ရပ်ရွာအခြေပြုမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုလုပ်ငန်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေအကြောင်အရင်းများ၊ လျှပ်စစ်သုံးစွဲရာတွင် ဂရုပြုရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ အရန်သင့်ပြင်ဆင်ထားရှိမှုများကို စစ်ဆေးခြင်းနှင့် လိုအပ်သည့်အချက်များကို အကြုံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးဆော်သြခြင်းနှင့်  ပြည်သူများပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း