မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ဟင်းသီးဟင်းရွက်များ တိုးချဲ့စိုက်ပျိုးရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲရေး သင်တန်းဖွင့်လှစ်
Jan 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန၏ အနီးကပ်ကြီးကြပ်ကာ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးအခြေခံ မရှိသောသူများအား နည်းပညာပေးရန်နှင့် စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များအား မိုးရာသီ၊ ဆောင်းရာသီ၊ ရာသီအလိုက်သီးနှံများ ရွေးချယ်စိုက်ပျိုးတတ်စေရန်၊ ဘောင်တင်သီးနှံ၊ စင်တင်သီးနှံ၊ နှစ်ရှည်သီးနှံများကို သိရှိပြီး စိုက်ပျိုးလာနိုင်စေရန်၊ စိုက်ပျိုးမြေမကောင်းပါက ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်သည့် ကာလတွင် မိမိရုံးဝန်းအတွင်းမှ အမှိုက်သရိုက် သစ်ရွက်ဆွေးများကို အသုံးပြု၍ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် မြေဆီလွှာထက်သန်လာအောင် ဆောင်ရွက်ပြီး အပင်ဖြစ်ထွန်းမှု ကောင်းလာစေရန် ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်နေချိန်တွင် ကုန်ကျစရိတ် သက်သာသော သဘာဝပိုးတားဆေးများကို ကြိုတင်ပက်ဖျန်းထားခြင်းဖြင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နင်းမှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဟင်းသီး ဟင်းရွက်များ တိုးချဲ့စိုက်ပျိုးရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အောင်သလ္လာခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ ဝန်ထမ်းသင်တန်းသား/သူများ တက်ရောက်ခဲ့သည်။