သတင်းများ

မချမ်းဘောမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 13,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ MNDAA အကြမ်းဖက်အဖွဲ့အား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းမ၌ ယနေ့မွန်းလွဲပိုင်းက ဆီအောကျေးရွာအနီး၊ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အားဖြိုချဖျက်ဆီး၍ ဗုဒ္ဓဘာသာဝင်ပြည်သူတစ်ရပ်လုံးကို စော်ကားသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြသည့် MNDAA အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာအပေါ်ရည်ရွယ်ချက်ရှိရှိ စော်ကားသောလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ ကိုးကွယ်သည့် ဘုရားစေတီများကိုဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများ ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက္ကစံဆံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 12,2024
သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်ကြီး၏ (၁၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jan 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။
မိတ္ထီလာမြို့တွင် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 12,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ သံဃာတော်များ ဦးဆောင်၍ ဘာသာသာသနာ ချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက် သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၁ နာရီ အခကခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်
Jan 12,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၆/၄)ရှိ ကြယ်နီသုံးလုံးရာဘာစက်ရုံ၌ ကျင်းပပြုလုပ်သည့် “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 12,2024
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သ