သတင်းများ

ကလောမြို့နယ် အမှတ်(၁၀)အခြေခံပညာအထက်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Jan 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်းလမ်းစည်းကမ်း”ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jan 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းတို့ကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့မွန်းလွဲ  ၁  နာရီအချိန်က ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်
Jan 12,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို အိုးတန်းရပ်ကွက် ရွှေဂျိုးဖြူခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်
Jan 12,2024
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ သံလွင် မြစ်ကမ်းနား၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံပညာကျောင်းအဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ-ထ-က(၂၇) ကျောင်းရှိ အောင်တံခွန်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Jan 12,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ တိုင်းရင်းသားအစားအစာပြိုင်ပွဲနှင့် တိုင်းရင်းသား ပေါင်းစုံအက ဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။