သတင်းများ

ကသာမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေး
Jun 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းနှင့် မြို့တော်ခန်းမတို့၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင်မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်ပြုလုပ်
Jun 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်ကို ယနေ့နံနက်ပိုင်းက အလယ်ကုန်းကျေးရွာ၊ တောင်သူ ဦးမင်းလတ် စိုက်ပျိုးရေးခြံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့ မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေနှင့် လုပ်အားဒါနများ လှူဒါန်း
Jun 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ယမန်နေ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လှူဒါန်းရာတွင် နောင်ချိုမြို့တောင်ရပ်ကွက်နေ ဒေါက်တာမြင့်ကြွယ်+ဒေါ်အေးအေးသိန်းမိသားစုမှ
လဲချားတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အရုပ်ခေါက်ပြိုင်ပွဲကျင်းပ
Jun 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ၊လဲချားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အရုပ်ခေါက်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ငါးမည်ရ ရတနာသိင်္ဃ ရွှေဘိုမြို့၊ မြို့တည်၊ နန်းတည်နှစ်(၂၇၀)ပြည့် အခမ်းအနားကျင်းပ
Jun 22,2023
တတိယမြန်မာနိုင်ငံ​တော်ကြီးကို တည်​ထောင်ခဲ့သူ အ​လောင်းမင်းတရားကြီး ဦး​အောင်​ဇေယျ၏​မွေးရပ်​မြေ၊​ ကျုံး၊ နန်းနှင့် နတ်ကွန်း၊ ဗဟိုရ်၊​ ရွှေချက်သိုလ်က ​ရေညိုမြဟန် နန္ဒာကန်ကို လျင်တန်မရှည်ဘိုး​တော်တည်သည့် ငါးမည်ရရတနာင်္ဃ ရွှေဘိုမြို့၊ မြို့တည်၊ နန်းတည် နှစ်(၂၇၀)ပြည့် အခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းက ​ရွှေတန်ဆာဘုရားဝင်းအတွင်း ကျင်းပပြုလုပ်ရာ ဆရာ​တော်သံဃာ​တော်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့များနှင့် စာ​ရေးဆရာအသင်းဝင်များ တက်​ရောက်ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ
Jun 22,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jun 22,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန်လ (၁၉) နေ့ နံနက်ပိုင်းမှစတင်၍ (ဂွ) စုရပ်၊ (ဆပ်သွား) စုရပ်နှင့် (ကျိန္တလီ) စုရပ်စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။